Local News

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ယခုနှစ်တွင် သရက်သီးတန်ချိန်(၄၀၀၀)ဖြင့် နှစ်ဆတင်ပို့နိုင်ခဲ့

Last Updated:

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံစိုက်ပျိုးပညာပေးရေးဌာနသည် ယခုနှစ်ရာသီတွင် ပြည်ပတင်ပို့နိုင်မည့် သရက်သီး တန်ချိန် (၁၀၀၀၀)ထုတ်လုပ်နိုင်ရန် ချမှတ်ဆောင်ရွက်ထားရှိပါသည်။ သစ်သီးဝလံ တင်ပို့သူများ အနေဖြင့်လည်း နိုင်ငံ၏ အမျိုးသားအဆင့်သစ်သီးဝလံကို လက်ရှိ ဘဏ္ဍာရေးနှစ် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ယခင်နှစ်တင်ပို့ခဲ့သည့် (၁၇၅၇)တန်ထက် နှစ်ဆကျော်ဖြင့် တန်ချိန် (၄၀၀၀)တင်ပို့ရန် ရည်ရွယ်ထား ရှိကြပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခင်နှစ်က Khirshapat, Gopalbhog, Himsagar, Langra, Amrapali အမျိုးအစားများအပါအဝင် သရက်သီးအမျိုးအစား(၇)မျိုးကို တင်ပို့နိုင်ခဲ့ကာ ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ (၂၃၆,၀၂၇) ရရှိခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက စိုက်ပျိုးရေးထွက်ကုန် တစ်ခုဖြစ်သော သရက်သီးပို့ကုန်များအပေါ် ၂၀ရာခိုင်နှုန်း ငွေကြေးထောက်ပံ့မှုပြုလုပ်ပေးကြောင်း သိရှိရပါသည်။

ရင်းမြစ်- dailyindustry.new

Category: Local News